MFF မှထုတ်ပြန်လိုက်သည့် သတင်းများ
Posted by: kzt, January 27, 2012, 08:02:07 AM
Replies: 12
Board: MNL Teams News
Views: 186
MNL Myanmar 2012 ပြိုင်ပွဲ၏ အဓိကစပွန်ဆာ(Title Sponsor) နှင့် တရားဝင် ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်များ ချုပ်ဆို MNL Myanmar 2012 ပြိုင်ပွဲ၏ အဓိကစပွန်ဆာ(Title Sponsor) ပေးအပ်ခြင်း နှင့် တရားဝင် ရုပ်သံ ထုတ်လွှင့်ခွင့် (Broadcasting Rights) ၀ယ်ယူခြင်းဆိုင်ရာ တရားဝင် စာချုပ် ချုပ်ဆိုပွဲအခမ်းအနားကိုယနေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမ၌ ကျင်းပပြုခဲ့သည်။အဆိုပါအခမ်းအနား သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်(MFF) ဥက္ကဋ္ဌဦးဇော်ဇော်၊ပြိုင်ပွဲအဓိကစပွန်ဆာဖြစ်သည့် မြန်မာဘရူဝါရီ လီမိတက် ဥက္ကဋ္ဌ ဦးနေ၀င်း၊ တရားဝင် ရုပ်သံ ထုတ်လွှင့်ခွင့်ဝယ်ယူထားသည့် MRTV-4 ရုပ်သံ (Forever Group) မှစီအီးအို ဦးဝင်းမော်၊ သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ MFF ဥက္ကဋ္ဌဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MFF နှင့် မြန်မာ ဘရူဝါရီ လီမိတက်၊ MFF နှင့် MRTV-4 ရုပ်သံ တို့ သက်ဆိုင်ရာစာချုပ်များအား အသီးသီးလက်မှတ်ရေးထိုး ခဲ့ကြသည်။ယင်းနောက် အစီအစဉ်အတိုင်း သတင်းစာရှင်းလင်းပွဲကိုဆက်လက်ကျင်းပရာ မီဒီယာများ၏ မေးမြန်းမှုများအား ဦးဇော်ဇော်၊ဦးနေ၀င်း၊ဦးဝင်းမော်တို့က ရှင်းလင်းဖြေကြားသွားခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့သည်။
Title Sponsor နှင့် သဘောတူစာချုပ်စဉ်
MRTV-4 နှင့်သဘောတူစာချုပ်စဉ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် MNL Myanmar 2012 ပြိုင်ပွဲအား အဓိကစပွန်ဆာ Title Sponsor အဖြစ် မြန်မာဘရူဝါရီလီမီတက်နှင့် တရားဝင်ရုပ်သံထုတ်လွှင့်ခွင့် ရရှိသည့် MRTV-4 ရုပ်သံတို့သည်
MFF နှင့် (၃)ရာသီကြာ စာချုပ်များချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ စာချုပ်အရ Title Sponsor သည်ယခုနှစ်ရာသီ အတွက် ပံ့ပိုးငွေ ကျပ်သိန်း(၅၀၀၀)၊ ၂၀၁၃ ရာသီအတွက် ပံ့ပိုးငွေ ကျပ်သိန်း(၆၀၀၀)နှင့် ၂၀၁၄ ရာသီအတွက် ပံ့ပိုး ငွေ ကျပ်သိန်း(၇၀၀၀) အား သဘောတူညီချက်များအတိုင်း ပေးအပ်သွားမည်ဖြစ်ပြီး MRTV-4 ရုပ်သံ အနေဖြင့့် လည်း တစ်နှစ်ချင်းစီအတွက် ရုပ်သံမူပိုင်ခွင့်နှုန်းထားအားအထက်ပါနှုန်းထားများအတိုင်းပင် ပေးအပ် သွားမည်ဖြစ်သည်။
တက်ရောက်လာကြသူများ
အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်
မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားစဉ်
@myanmarnationalleague